မင်းအတွက်တော့ ငါဟာ ...
...ဘာမှ မဟုတ်ပါဘူး..
ဒါပေမယ့်.. အဲ့ဒီ " ဘာမှ မဟုတ်ဘူး " ဆိုတာကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်..
မင်းကိုသတိရတဲ့ အခါ
မကြာ.... မကြာ... ထုတ်.... ထုတ် ကြည့်ချင်လို့...။
ကောင်မလေးရယ် .....
ငါဟာ တေလေ ပါ၊
ဖျားနာ မှုကိုမှ တွယ်တာတက် သူတစ်ယောက်ပေါ့.။
သန့်စင်ချင်လို့
အလင်းထဲမှာ ငါလမ်းလျှောက်တယ်.။
အပြစ် က လွတ်ဖို့အတွက်တော့
ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး..။
No comments:
Post a Comment