ဖြစ်တည်မှု
ရေ ချင်း တူတာဟာ ၊ သွေးချင်းတူတာမဟုတ်လို့
မြစ်နဲ့ ပင်လယ်ဟာ ညီအစ်ကို မတော်ဘူး..။
အရှုံး
ရင်ထဲက မီးခြစ်ကျောက်ကလေး ပေါက်ကွဲသွားတာပါ..၊
ငါ့ရဲ့ ဟီရိုရှီးမား ကတော့ ဗုန်းဗုန်း လဲ ကျသွားလေရဲ့
ချစ်သူချော့တေး
သူ့မျက်တောင်လေးတွေ လည်း ပိတ်သွားပြီ၊
သူ့မျက်လုံးလေးတွေ လည်း အိပ်သွားပြီ၊
ဗျိုင်းကြီးနဲ့ ကျွန်တော်.......
မိတ္ထိလာ ကန်ပေါင်ပေါ်မှာ ပျင်းရိနေဦးတော့မယ်..။
ရှက်ပြုံးလေး
မုန်းတယ်
မုန်းတယ်..
မုန်းတယ်.......
..... တိုးတိုးလေး အော်မိတယ်
ကြားသွားရင် တကယ်မှတ်နေဦးမယ်...။
No comments:
Post a Comment