ကျနော်ကကိုရီးယားစာမေးပွဲ(eps-topik)ကိုဖြေဖို့လုပ်နေတဲ့ကျောင်းသားတစ်ယောက်ပါ။ကျနော်တို့ဖောင်တင်ခါနီးမှာမြန်မာ့အလင်းသ
တင်းစာထဲမှာအလုပ်သမားခေါ်ယူရန်လူစာရင်းထွက်လာပါတယ်။ခေါ်ယူမယ့်လုပ်သားအရေအတွက်က(3500)ခေါ်ယူမှာဖြစ်ပါတယ်။
အဲဒါနဲ့ကျနော်တို့ဖောင်တင်မယ့်ရက်လဲရောက်ရောစာမေးပွဲဖြေမယ့်သူကတစ်သောင်းကျော်ကျော်လောက်ဖြစ်သွားပါတယ်။အဲဒီမှာ
ဖောင်ကိုအကန့်အသတ်မရှိရောင်းပေးမယ်ဆိုပြီးရောင်းပေးလို့အကုန်လုံးဖောင်တင်လိုက်ရပါတယ်။စာမေးပွဲကြေးကတစ်ဦးကိုfec24ကျပ်
ကျပါတယ်။စာမေးပွဲကအမှတ်နှစ်ရာဖိုးဖြေရပြီး၊အရင်တုန်းကအောင်မှတ်က၈၀ပေါ့ဗျာ။
အဲဒီလိုနဲ့ဖြေပြီးလို့နိုဝင်ဘာ၉ရက်နေ့အောင်စာရင်းလဲထွက်လာရောအောင်မှတ်က184မှတ်နဲ့ဖြတ်သွားပါသတဲ့။
ကိုးထောင်ကျော်ကျော်လောက်ကျပါလေရော၊ကျနော်ပါအပါအ၀င်ပေါ့ဗျာ။အစကတည်းက၃၅၀၀ပဲခေါ်မှာကိုဖောင်ကိုအကန့်အသတ်မရှိ
ရောင်းပေးတဲ့နိုင်ငံတော်အလုပ်သမားရေးရာဝန်ကြီးဌာနရဲ့စေတနာကိုအဲဒီတော့မှပဲနားလည်ပါတော့တယ်ဗျို့။ဖောင်ကိုငါးထောင်လောက်
ရောင်းပေးပြီးနှစ်ထောင်လောက်စာမေးပွဲကျတာသဘာဝကျပါတယ်။အခုဟာကစဉ်းစားသာကြည့်ကြပါတော့ဗျာ။မြန်မာနိုင်ငံအလုပ်သမား
ရေးရာဝန်ကြီးဌာနနဲ့ကိုရီးယားဘက်ကဒီကိစ္စမှာဘယ်သူတာဝန်ရှိသလဲတော့မသိဘူး။ကျနော်တို့ကတော့အရင်းခံလိုက်ရတာကိုမကျေ
နပ်တာကြောင့်ဒီကိစ္စကိုဒီဘလော့ဂ်မှာရင်ဖွင့်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျား။

No comments:
Post a Comment