
ကျွန်တော် နည်းပညာ ကို စတင်ပြီးလေ့လာခါစမှာပေါ့ဗျာ....။ သင်တန်းလေး တစ်ခု နှစ်ခုလောက်တက်ပြီး ..။ လေ့တွေ့ နယ်ပယ်ထဲ ရောက်တဲ့အခါမှာ အခက်အခဲပေါင်းစုံ နဲ့ပေါ့ဗျာ...။ အဲ့လိုအချိန်တွေဆိုရင် ဟိုဆရာကိုပြေးမေးလိုက် ဒီဆရာဆီပြေးလိုက်နဲ့..ဖက်ဖက်ကို မော နေတာပဲဗျာ..။ ဆရာတွေ ကလဲ သိတဲ့ အတိုင်းအလုပ်က ခပ်များများ ဆိုတော့ ဖမ်းလို့ကိုမမိဘူး..။ အဲ့လိုနဲ့တိုင်ပတ် တဲ့ ကာလပေါ့ဗျာ.. ။ အဲ့ဒါနဲ့ နောက်တော့ အင်တာနက်ဆိုတာ ကြီးကို နည်းနည်း ကျွမ်းဝင်လာတဲ့အခါ ကြတော့ သူငယ်ချင်းတွေပြော ပြောနေတဲ့ ဖိုရမ်ဆိုတာ ကြီး စတင်ထိတွေ့မိလာတယ်ဗျာ..။ သိပ်ကောင်းဗျာ.. ကိုယ့်အခက်အခဲတွေ ကို မေး ..။ အဲ့မှာ ကိုယ့်လို နယ်ပယ်ထဲက လူတွေ သူတို့အတွေ့ကြုံ တွေ နဲ့ သေချာ ရှင်းပြ အခက်အခဲတွေ ကို ၀ိုင်း အဖြေ ကြ နဲ့ ပျော်စရာလဲကောင်း ပညာလဲ ရပေါ့....။ အဲ့အချိန်တုန်း ကတော့ ကျွန်တော် သိတဲ့ ဖိုရမ် ဆိုလို့ ... www.mysteryzillion.org နဲ့ www.planet.com.mm လောက်ပဲရှိခဲ့တာ..။ အဲ့မှာကလဲ လူစည်တယ်..။ဒီလို နဲ့ ကိုယ်သိတာလေးတွေ ၀င်ရေး မသိတာလေး တွေ ၀င်မေး နဲ့ ဖိုရမ်ပေါ်မှာ ပဲ အချိန်တွေ ကုန် ခဲ့တာပေါ့ဗျာ..။ တစ်ချို့တွေ ချက်တင် ကို သည်းကြီး မဲကြီး သုံးနေ ကြတဲ့ အချိန် ဖိုရမ်တွေကို ၀င် လေ့လာတဲ့လူဆိုတာ က တစ်ရာခိုင်နှုန်းလောက်တောင်ရှိမယ်မထင်ဘူးဗျ...။ ဒီလိုနဲ့ပဲ ဖိုရမ်တွေ မှာ မင်ဘာတွေ အချင်းချင်း လေကန်လို့ ရအောင် chat box လေးတွေ တင်လာရတယ်ဗျာ..။ နောက်တော့ တဖြည်းဖြည်းနဲ့ ဖိုရမ်တွေပေါ်မှာ လူစည်ကားလာတယ်..။နောက်တော့ ဖိုရမ်တွေ တစ်ခုပြီး တစ်ခု ပေါ်ပေါက်လာကြတယ်....။ အဲ့လို ဖိုရမ်တွေ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာတာဟာ ကျွန်တော်တို့လို စတင်လေ့လာနေတဲ့ လူတွေ အတွက် အများကြိး အကျိုးရှိခဲ့တာပေါ့ဗျာ..။ ဒီလိုနဲ့ ဖိုရမ်တွေမှာ လူစည်ကားလာ တာပေါ့.. ။လူစည်ကားလာတာနဲ့ အမျှ ပြဿနာကလဲပိုများလာတယ်..။ ပြဿနာပေါင်း သောင်းခြောက်ထောင် မ က အောင်ပါပဲ..။ ဒီလို ပြဿနာ တွေ ကြောင့် ပဲ ဖိုရမ်ပေါ်မှာ ကျွန်တော်တို့လို လေ့လာ သူတွေကို လက်တွဲခေါ်နေတဲ့ ပညာရှင်တွေက တဖြည်းဖြည်းနဲ့ ဖိုရမ်ကို စိတ်ပျက်လာပြီး စွန့်ခွါသွားကြတဲ့လူတွေက လဲ ရှိတယ်ဗျ...။ သူတို့ အနေနဲ့ ကိုယ်တက်ထားတာ ကို စေတနာ နဲ့ ပြန်လည်မျှဝေ ပေးနေရင်းနဲ့ ပြဿာနာ တွေကြောင့် သူတို့ တွေဟာ ဖိုရမ်ပေါ်မှာ သွေးအေးလာကြတယ်..။နောက်တော့ အလုပ်က တစ်ဖက် နဲ့ ဆိုတော့ သူတို့တွေ လဲ ပျောက်ကုန်ကြတာပေါ့ဗျာ..။အဲ့လို အခြေအနေတွေမှာ ထိခိုက်နစ်နာတဲ့လူတွေက တော့ ကျွန်တော်တို့ လို လေ့လာ စ လူငယ်တွေပါပဲ..။ အဲ့လို ပညာရှင်တွေ နည်းပါးလာတဲ့ အခါကြတော့ ဖိုရမ်တွေဟာ တဖြည်းဖြည်းနဲ့ ခြောက်ကပ်လာခဲ့တာပေါ့...။ ဒီလို နဲ့ပဲ ခုဆိုရင် ကျွန်တော်တို့ ဆီမှာ ဖိုရမ်တော်တော်များ များ ဟာ သွေးအေးနေကြပါပြီ..။ တစ်ချို့ ဆိုရင် ဖိုရမ်ကို လုံးဝ အစ ဖျောက်လိုက်ကြပါပြီ..။ အဲ့တော့ ဗျာ ကျွန်တော် လဲ ကျွန်တော့် ဆရာသမားများ ဖိုရမ်ကို တည်ထောင်သူတွေ ကို ကျွန်တော် အမြင်လေး ပြောချင်တယ်ဗျာ..။ အမှားပါရင် စေတနာအမှားအနေ နဲ့ ခွင်လွှတ်ပေး စေချင်ပါတယ်..။ ဖိုရမ်တွေကို ဆက်လက်လုပ်စေချင်တယ်ဗျာ..။ ဘာပဲဖြစ်ဖြစ်ပေါ့.. ပြဿာနာ တွေကို လဲ လစ်လျှူရှု့ သင့်တာရှု ၊ ဖြေရှင်းသင့်တာ ဖြေရှင်း ရင်း နဲ့ စတင် လုပ်ကိုင်စဉ်တုန်း က ရည်ရွယ်ချက်လေး အတိုင်း ဆက်လျှောက်စေချင်တယ်ဗျာ..။
2 comments:
ဘာမှန်းညာမှန်းတော့မသိဘူး....။ စိတ်ထဲရှိလာတာကို ကောက်ရေးလိုက်ပါသည်..။ အမှား ပါရင် ခွင့်လွှတ်ပါ..။ မကျေနပ်ရင် ၀င်ဆဲနိုင်ပါသည်..။
ဆဲတတ်ဘူး ကွယ် .....
Post a Comment