ကျွန်တော်တို့ Myid group အနေနဲ့ (၂၀.၁၁.၂၀၁၁)ရက်နေ့တွင် သန်လျင်မြို့နယ်ရှိ ကျိက်သလံရန်ပြေမာန်ပြေစေတီအား ထုံးသင်္ကန်းကပ်မည်ဖြစ်ပါသည်။ သင်္ကန်းကပ်ရာတွင်တနိုင်တပိုင် ပါဝင်ကုသိုလ်ယူလိုသူများ ကိုမိုးစက်ကို၊ ကိုကိုဝင်း၊ ကိုယောင် နှင့် ကျွန်တော်ရန်နိုင်ထွန်းတို့ကိုဆက်သွယ်ပေးကြပါ။
(၂၀.၁၁.၂၀၁၁) ရက်နေ့ရန်ကုန်စုရပ် လမ်း(၅၀)ကားဂိတ် အောက်လမ်း သန်လျင်ဘက်သွားသောကားဂိတ်၊ အချိန် နံနက်(၉း၀၀)နာရီနောက်ဆုံး ထိုနေရာတွင် ကိုကိုဝင်း၊ ကိုမိုးစက်ကိုနှင့် ကိုယောင်တို့ရှိနေပါမည်။
(၂၀.၁၁.၂၀၁၁)ရက်နေ့ သန်လျင်စုရပ် လိုင်း(၅၃) အခန်း(၃)၊ ရေနံလိုင်း သံလျင်ဈေးကြီးအနီး၊
အချိန် နံနက်(၈း၀၀)နာရီနောက်ဆုံး ထိုနေရာတွင်ကျွန်တော်ရန်နိုင်ထွန်းရှိနေပါမည်။
တိုက်ရိုက်သွားရောက်လိုသူများ သန်လျင်ကျားဘုရားရှေ့မှတ်တိုင်တွင်ဆင်းပြီး ကြွက်တွင်းကျောင်း ဘုန်းကြီးကျောင်းသို့သွားပါ(ဆိုင်ကယ်ကယ်ရီငှားပြီး) ကျောင်းရောက်ပါက စေတီကိုစုံစမ်းနိုင်ပါသည်။ (မင်ဘာများအားလုံး ပါဝင်ကုသိုလ်ယူမည်ဟုမျှော်လင့်ပါသည်။) ကိုရန်နိုင်ထွန်း တင်ထားသော facebook မှ ပိုစ့် ကိုပဲ ကူးပြီး ပြန်တင်ပေးလိုက်ပါတယ်..။ တော်တော်တောင် ပင်ပန်းသွားတယ် ကူးရတာ.. အဟီး..။ အဖွဲ့ ၀င်မဟုတ်သော အလှူစိတ်ဝင်စားသူများ အနေ ဖြင့် ပါဝင် လှူချင်တယ် ဆိုရင် Myid group မှ founder ကို ယောင်စိန် ဆီ သို့ ဆက်သွယ် ပြီး ပါဝင် ကုသိုလ် ယူလို့ရပါတယ်..။ တာမွေ အ၀ိုင်းထိပ်မှတ်တိုင် ရှိ poe computer တွင် ကိုယောင်စိန် (ကို ဝေဖြိုး ) ရှိပါသည်။ သူ့ ဖုန်းနံပါတ်ကိုတော့ ခွင့်ပြုချက်ရမှပဲတင်တော့ မယ် လူပျို ကြီး က ကြိုက်လားမကြိုက်လားမသိလို့..။ လိုက် ပါချင်တယ်ဆိုရင်တော့ အပေါ်မှာ ရေးထားသော နေရာများ သို့ ဆက်သွယ်လိုက်ပါနိုင် ပါတယ်..။ လူစု စု နဲ့ ပေါက်ပေါက်ဖောက် ရေ ပတ် မ၀င်အောင် ပြောနေတဲ့ လူတစ်စု ကို မြင်ရင် myid group က ပါလားလို့သာ မေးကြည့်လိုက်ပါ..။
No comments:
Post a Comment