Monday, November 21, 2011

ယမကာလုလင်

တစ်ခါက ရွာတစ်ရွာမှာ ဆရာဝန် တစ်ယောက် က ရွာသားတွေ ကို ကျန်းမာရေး နဲ့ ပတ်သက်ပြီး ဟောပြောပွဲလုပ်ပါတယ်..။ ဆရာဝန်က အဲ့ပွဲမှာ အရက်မကောင်းကြောင်းကို အဓိက ထားပြီး ဟောပွဲပါတယ်..။ ဘာလို့လဲ ဆိုတော့ ရွာမှာ က ယမကာ လုလင် တော်တော်များလို့ပါ...။ ဟောပွဲပြောလာတဲ့လူ တော်တော်များများက လဲ ယမကာလုလင် တွေ များပါတယ်..။ အဲ့လိုနဲ့ ဆရာဝန်က ပြောရင်းနဲ့ နောက်ဆုံးမှာ အရက် ဆိုးကျိုး ကို ဥပမာလေး ပေးပြီး ပြောပါတယ်..။ ဆရာဝန် က အရက် ခွက် ကို ယူပြီးတော့ အရက်ခွက်ထဲ ပိုးကောင်လေး တစ်ကောင် ကို ပစ်ထဲ့လိုက်ပါတယ်..။ အဲ့အချိန်မှာ ပိုးကောင်လေး က အရက်ခွက်ထဲမှာ သေသွားပါတယ်..။ ဆရာဝန်က အရက် က အဲ့လို ဆိုးကျိုးရှိပါတယ်ဆိုတာ ပြပြီးတဲ့ အချိန်မှာ လာနားထောင် နေနဲ့ ယမကာလုလင် တစ်ယောက်က ထပြီး ပြောလိုက်ပါတယ်...။ သူပြောပုံက ဆရာ ပြခဲ့ သလို အရက်က ပိုးကောင်တွေကို သေစေ တဲ့ အတွက် ကျွန်တော်တို့ ခန္ဒာကိုယ်ထဲက ပိုးကောင်တွေ သေအောင်လို့ အရက်ကို သောက်ရပါမယ် လို့ ပြောချ လိုက်ပါတော့တယ်...။ အဟီး ဘာရယ်ဟုတ်ဘူး ကြားဖူးတာလေး ပြန်ရေးကြည့်တာ...။ မရယ်ရလဲ ကိုယ့်ဟာကို ကလိထိုးပြီး သာရယ်ကြပါကုန်တော့ ဗျာ.....။

2 comments:

tttt said...

ဟီးးးးးး ရီရဘူး ..... ရေထဲ ထည့်လည်း ပိုးကောင်လေး တွေ သေတာပဲကို .......

zawwintun said...

အောက်မှာ ဆက်ရေးထားတယ်လေ...၊မရယ်ရလဲ ကလိထိုးရယ်ပါဆိုနေမှပဲ...။