လောကဇတ်ခုံ၊ဤလူ့ဘုံ၌
မျိုးစုံကကြ၊မာန်မာနနှင့်
ငါကရာဇာ၊ငါသာသူဌေး
ငါပဂေးဟု
ငါသွေးတက်ကြွ၊လူ့ဗာလတို့
ပေါများလှစွာ၊အ၀ိဇ္ဇာကြောင့်
တဏှာဘီလူး၊အမှောင့်ပူးသော်
ကျူးကျူးကျော်ကျော်၊ဂုဏ်ကိုဖော်၍
မော်မော်မောက်မောက်၊ငါတစ်ယောက်သာ
မိုးအောက်တလွှား၊ရွှေကိုယ်လားဟု
ထင်မှားမှတ်လွဲ၊သို့စင်စွဲလည်း
ဇာတ်ပွဲပြီးက၊ပြည်ဖုံးချသော်
သုဘရာဇာ၊ခြေအောက်မှာပင်
ဘာသာလူမျိုး၊ချိန်မထိုးဘဲ
ပုပ်သိုးခန္ဒာမြုပ်ရရှာသည်
ဘယ်မှာငါဟုရှိအံ့နည်း။
No comments:
Post a Comment