ကျွန်တော့် ဘလော့ ကို အချိန် ပေးပြီး လာလည် သွားကြသူတွေအားလုံးကို ကျေးဇူး အထူးတင်ပါတယ်..။တစ်ခုတော့ တောင်းဆိုပါရစေ... အဲ့ဒါကတော့ လာဖတ်ပြီးသွားတဲ့အခါ ဝေဖန် အကြံပေးခဲ့ကြပါလို့..။ လူကြီးမင်းတို့ ရဲ့ ဝေဖန် အကြံပေးမှု က ကျွန်တော့်အတွက်အားတစ်ခု ဖြစ်စေသလို ကျွန်တော့် ဘလော့ တိုးတက်မှု ကို လဲ အထောက်အကူဖြစ်စေပါတယ်..။ အဲ့တော့ ဝေဖန်ပေး ကြပါခင်ဗျား အားမနာတမ်းသာ ဆိုးသည် ကောင်းသည် အမှန်တိုင်း ဝေဖန် ထောက်ပြပေး ဖို့ တောင်းဆိုပါရစေဗျာ..။
Tuesday, October 11, 2011
ဘုရားသွားကြရအောင်...။
မနက်ဖြန် ဆိုရင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့ ဖြစ်ပါတယ်..။ ဗုဒ္ဒဘာသာ လူမျိုးတွေ ရဲ့ အခါကြီး ရက်ကြီးနေ့ပါ..။အဲ့နေ့မှာ ကျွန်တော် ဘုရားတစ်ဆူဆူသွားပြီး ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ချင်တယ်ဗျာ..။ ကျွန်တော်တို့တွေ တစ်နေ့နေ့ လောဘ ဒေါသ မောဟ အကုသိုလ်တွေ နဲ့ လုံးပန်းနေရတယ်..။ စားဝတ်နေရေးအတွက် ရုန်းကန် ရင်း လောဘ မောဟ ဒေါသ တွေ ဖြစ်လိုက်... စိတ်ပင်းပန်းလိုက် စိတ်ဓါတ်ကျလိုက်နဲ့ လုံးလည် ချာလည်ကိုလိုက်နေတာ..။ တစ်နေ့ တစ်နေ့ ကောင်းမှု ကုသိုလ် လေးတော့ လုပ်ချင်သား ဗျ..။ (မလုပ်ဖြစ်ဘူးလေ) ။ ဖိုရမ်က သူငယ်ချင်းတွေက အဲ့လို အခါကြီးရက်ကြီးနေ့တွေဆိုရင် ဘုရားတစ်ဆူဆူမှာ အအေးတိုက်တာ တို့ ဘာတို့ လုပ်ဖြစ်ကြတယ်.. ကျွန်တော် တခါမှမပါ ဘူးဘူး ဗျာ..။ အဲဒါနဲ့ မနက်ဖြန် တော့ အဲလိုလုပ်ချင်တယ်ဆိုပြီး ဖိုရမ်က ကောင်တွေကို လိုက်ခေါ်နေတာ တစ်ကောင်မှ မပြန်မဖြေကြဘူး..။ မကျေနပ်လို့ ဖိုရမ် ရဲ့ facebook group မှာ လဲ သွားပြောတယ် အဖတ်တောင်မလုပ်ကြပါလားနော်.. ဘယ်ပျောက်နေကြမှန်းမသိဘူး..။မအားကျဘူးလားမသိဘူး ...။ အဲလို နေ့လေးတော့ အချိန်ပေးသင့်ပါတယ်ဗျာ.. ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ တွေ အဲ့နေ့မှာ အချိန်အများကြီးမဟုတ်တာတောင် ခဏလေးဖြစ်ဖြစ် ဘုရား ကို ရောက်အောင် သွားသင့်တယ်ဗျာ..။ အဲမှာ ကျွန်တော့်ကို ပြောစရာရှိလာမယ် ကုသိုလ်လုပ်တာပဲ ဘုရားသွားမှ လား ဒီအတိုင်းကော မရဘူးလား လို့ ဆင်ခြေတက်ချင် တက် ကြမယ်..။ ဟုတ်ပါတယ် ရပါတယ်..။ ဒါပေမယ့် ဘုရား မှာ ကြတော့ စိတ်ကြည်လင်မယ်..။ ကျွန်တော်တို့ တွေ တစ်နေ့တာ လုံးပန်းနေရ သမျှတွေ ခဏတာ တော့ လန်းဆန်းသွားမယ်ဗျာ..။ ကုသိုလ်လုပ်ခွင့်လဲရမယ်ဗျာ..။ မဟုတ်ဘူးလား.။ ကဲ ဘယ်လို လဲ ကျွန်တော်ပြောတာ လက်ခံလားမသိဘူးနော်.. ။ လူကြီးမင်းတော့သဘောပါ ကျွန်တော်က ကျွန်တော့်အမြင်ကို ပြောကြည့်တာ မှန်ချင်မှလဲမှန်မယ်..။ ကဲ ဘယ်လိုတုန်း လိုက်ကြမလား မနက်ဖြန် ဘုရားသွားမယ်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment