ကျွန်တော့် ဘလော့ ကို အချိန် ပေးပြီး လာလည် သွားကြသူတွေအားလုံးကို ကျေးဇူး အထူးတင်ပါတယ်..။တစ်ခုတော့ တောင်းဆိုပါရစေ... အဲ့ဒါကတော့ လာဖတ်ပြီးသွားတဲ့အခါ ဝေဖန် အကြံပေးခဲ့ကြပါလို့..။ လူကြီးမင်းတို့ ရဲ့ ဝေဖန် အကြံပေးမှု က ကျွန်တော့်အတွက်အားတစ်ခု ဖြစ်စေသလို ကျွန်တော့် ဘလော့ တိုးတက်မှု ကို လဲ အထောက်အကူဖြစ်စေပါတယ်..။ အဲ့တော့ ဝေဖန်ပေး ကြပါခင်ဗျား အားမနာတမ်းသာ ဆိုးသည် ကောင်းသည် အမှန်တိုင်း ဝေဖန် ထောက်ပြပေး ဖို့ တောင်းဆိုပါရစေဗျာ..။
Sunday, October 2, 2011
လာစွပြန်ပြီ
ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင် ဘလော့လေးတစ်ခု ရှိရင်ကောင်းမှာပဲဆိုတဲ့ စိတ်ကူးနဲ့ စတင်အကောင်အထည် ဖော်မိ တုန်းက လုပ်ထားတဲ့ ဘလော့လေးတစ်ခုပါ..။ မြန်မာနိုင်ငံမှာ blogspot တွေ ခေတ်စားလာပြီး ပိတ်ပစ်လိုက်တဲ့အခါမှာတော့ ဒီဘလော့လေးနဲ့ ကျွန်တော်လုံးဝ အဆက်ပြတ်သွားခဲ့ပါတယ်...။နဂိုထဲကမှ ဘာမှမလုပ်တက်တော့ တခြား တစ်ခုခုနဲ့ ဘလော့လုပ်ဖို့ကို လက်လျှော့ပြီး ဟိုကြည့်ဒီကြည့်နဲ့ ပဲ အွန်လိုင်းမှာ ယောင်လည်လည်နဲ့ သွားနေခဲ့ရပါတယ်..။နောက်တော့ Myidgroup မှ သူငယ်ချင်းတွေ ရဲ့ ကူညီမှုကြောင့် ကျွန်တော် ဘာလော့တစ်ခု ပြန်လုပ်ဖြစ်ခဲ့ပါတယ်..။ myidgroup ရဲ့ sub domain နဲ့ပဲ လုပ်ပေးခဲ့ပါတယ်..။ အစအဆုံး လုပ်ပေးပြီးမှာ မင်းဘာသာရေးချင်ရာရေးလို့ရပြီး ဆိုပြီး အသင့် ခူးခပ်ပြီး မှ လက်ထဲထည့်ပေးခဲ့တာပါ..။ဒါပေမယ့် wordpress ကို တောင် ဘာမှန်းမသိတဲ့ကျွန်တော် လက်ကလိလွန်းတဲ့ကျွန်တော်ဟာ မျောက်လက်ထဲ အုန်းသီးရသလို ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လွှတ်လဲမလွှတ်ချင် ဖြစ်နေတော့တာပါပဲ..။ အဲဒါနဲ့ ဟိုစမ်းဒီစမ်းဟိုမေးဒီမေး လုပ်မယ် မှ မကြာသေးဘူး...။ myidgrop ရဲ့ hosting က ပြဿနာ စ တော့ တာပါပဲ..။ ကျွန်တော်လဲ ဘလော့နဲ့ ကံမပါဘူး ထင်ပါရဲ့..။ ဒါပေမယ့်လဲ ကံကြမ္မာ က ကျွန်တော့်ကို နောက်ပြောင်နေတာလားတော့မသိဘူး ဗျာ...။ blogspot တွေ ပြန်ပွင့်နေတာ တွေ့ရတော့ အရမ်းဝမ်းသာသွားတယ်ဗျာ..။ ဘာပဲပြောပြော blogspot ကြတော့ ကျွန်တော် သုံးရအဆင်ပြေတယ်ဗျာ ။လွယ်လည်း လွယ်တယ်... ကျွန်တော့် လို ငပိန်းတစ်ကောင်အတွက်တော့ အဆင်ပြေတယ်ဗျ။အဲဒါနဲ့ ပဲ ကျွန်တော် ဒီဘလော့ လေးကို ပြန်လုပ်ဖြစ်တယ်ဗျာ...။ ခုရေးနေတဲ့ ပိုစ့် ကနေ စ ပြီးတော့ ပြန်ရေးဖြစ်တယ်ဆိုပါတော့ ...။ နောက်လဲဆက်ရေးဖြစ်မယ်ထင်ပါတယ်..။ ဘယ်အချိန်ဘာဖြစ်မယ်တော့မပြောတက်သေးဘူး ..။ သိတယ်ဟုတ် ကံ ကိုမယုံရဲသေးဘူး..။ရေးလို့ရသလောက်တော့ ရေးကြည့်ဦးမယ်ဗျာ..။လေးစားစွာဖြင့် ဇော်ဝင်းထွန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment