Friday, January 23, 2009

သင့် email အတွက် သတိပြုစရာလေး

ကျွန်တော် ပြန်မှတ်မိသေးတယ်။ ဟိုးအရင်က ကျွန်တော့်ရဲ့ ပထမဦးဆုံး email account ရတုန်းကပေါ့ AOL ကိုစသုံး ခဲ့တာ စသုံးခါစမှာပဲ AOL ကနေ ကံစမ်းမဲ ပေါက်ခဲ့ပါတယ်။ ပျော်လို့ မဆုံးဘူးပေါ့ နေ့ချင်းညချင်း သဌေးကြီး တစ်ယောက် ဖြစ်လာမဲ့ အတိုင်း စိတ်ကူးတွေယဉ် အမျိုးမျိုး တွေးတောခဲ့တယ်။ ဘာမှ တွေးတော မနေတော့ဘူး ကံစမ်းမဲ ပေါက်တယ်ဆိုတဲ့ mail ကို ဖွင့်ဖတ်ပြီး form တွေကို ဖြည့်လိုက်တယ်။ Submit နှိပ်ပြီးသိပ် မကြာခင်မှာ ကျွန်တော့် PC crash ဖြစ်ပြီး restart ကျသွားတယ်။ သိပ်မကြာ ခင်မှာပဲ ကျွန်တော့် mail ထဲကို spam mail တွေ ထောင်ချီပြီး ရောက်လာ ပါလေရော...။ ကျွန်တော် ဒီ spam တွေကို အချိန် တော်တော် ဖြေရှင်းလိုက် ရတယ်။ ဒီလို ဘာကြောင့် ဖြစ်ခဲ့ရလဲ ပြန်စဉ်းစား ကြည့်တော့ ကျွန်တော် ဗဟုသုတ နည်းခဲ့လို့ ဆိုမမှား နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် ဒီအကြောင်း အရာတွေနဲ့ ပါတ်သတ်လို့ အချိန်ယူ လေ့လာပြီး email security အကြောင်းကို ပြန်ပြီး ရေးချပေးလိုက်ပါတယ်။ ဒါကြောင့် သင်ဟာ email security အကြောင်းကို နားလည်ပြီးသား ဆိုရင်တော့ ရှည်လျှား လွန်းလှတဲ့ ဒီဆောင်းပါးကို ကျော်ပြီး ဖတ်လိုက်ပါ။
1. Using just one email account.
Email စတင် အသုံးပြု သူတွေဟာ သူတို့ email address ကို အိမ်လိပ်စာ ပုံစံမျိုး လို့သတ်မှတ် ထားပါတယ်။ ဒါဟာ မှားယွင်းနေပါတယ်။ Email ဆိုတာ သင့်အိမ်ကိုဝင်ဖို့ အတွက် သော့နဲ့ တူပါတယ်။ အိမ်ရှေ့ တံခါးတွက်ရော နောက်ဖေးတံခါးတွက်ရော သော့တစ်ချောင်းထဲ သုံးမှာဆိုရင် သင့်အိမ်ဟာ လုံခြုံမယ်လို့ သင်ထင်ပါသလား? ဒီလို သဘောတရား ပါပဲ ကျွန်တော် အကြံပေးချင်တာကတော့ အနည်းဆုံး email account ကို သုံးခုလောက် အသုံးပြုသင့်ပါတယ်။ ဆိုလိုတဲ့ သဘောကတော့ Google က အခမယ့် ရနိုင်တိုင်း အတိုင်းအဆ မရှိ account တွေလုပ်ပြီး သုံးနေဖို့ မဆိုလိုပါဘူး။
သင့်ရဲ့ ပထမ email account ဟာ အလုပ်အကိုင်နှင့် ငွေကြေးအတွက် လုပ်ကိုင် ရတဲ့ ကိစ္စမျိုးတွေမှာ ဆက်သွယ်ဖို့ အတွက် ထားသင့်ပါတယ်။ ဒီ email address ကို လူတိုင်းသိအောင် ကြော်ငြာနေဖို့ မလိုပါဘူး။ သင့်ရဲ့ ဒုတိယ email account ကိုတော့ သင့်ကိုယ်ရေးကိုယ်တာတွေ အသုံးပြုဖို့အတွက် သုံးနိုင်ပါတယ်။ ဒီ email address ကိုလဲ လူတိုင်းသိအောင် ကြော်ငြာနေစရာ မလိုအပ်ပါဘူး။ သင်နဲ့ နေ့စဉ် ပေါင်းသင်း ဆက်ဆံနေတဲ့ အသိုင်းအ၀ိုင်း သိရုံလောက်နဲ့ လုံလောက်ပါတယ်။ တတိယ email address ကတော့ newsletter တွေ၊ သာမာန် လုံခြုံမှုသာ ရှိတဲ့ website တွေမှာ register ပြုလုပ်မှုတွေနဲ့ သင့်ရဲ့ blog တို့ community အသုံး ပြုမှုတွေအတွက် သင်အသုံးပြုသင့်ပါတယ်။ ဒီလို mail account သုံးခုအတွက် ပထမ နှင့် ဒုတိယ တစ်ခုကို အာမခံချက် သို့မဟုတ် ငွေကြေးဖြင့် ပေးဝယ်ရသော email services မျိုးမှ အသုံးပြု သင့်ပြီး။ တတိယ mail account အတွက်ကတော့ အခမဲ့ ရနိုင်တဲ့ Google တို့ yahoo တို့မှ အသုံးပြု နိုင်ပါတယ်။
2. Holding onto spammed-out accounts too long.
သင့်ရဲ တတိယ email account ထဲကို spam mail တွေ သေခြာပေါက ရောက်လာပါလိမ့်မယ်။ သင့် email account ထဲမှာ ရှိနေတဲ့ spam mail တွေကို အနည်းဆုံး ၆ လတစ်ကြိမ် ရှင်းလင်း ပေးသင့်ပါတယ်။
3. Not closing the browser after logging out
သင်ဟာ သင့်ရဲ့ email account တွေကို စာကြည့်တိုက်တွေ ဒါမှမဟုတ် public access centre တွေအသုံးပြုတယ် ဆိုရင် Logout လုပ်ရုံနဲ့မပြီးသေးပါဘူး။ တစ်ချို့ web mail services တွေဟာ သင့် email address ကို ဖော်ပြပေးထားတတ်ပါတယ်။ Password ကိုတော့ ဖောပြပေးခြင်း မရှိပါဘူး။ ဒါကြောင့် သင်ဟာ သင့် email account ကို logout လုပ်ပြီးတာနဲ့ browser ကိုပါ ပိတ်ပြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင့်ရဲ့ email address အတွက် စိတ်ချမှု ရှိနိုင်ပါတယ်။
4. Forgetting to delete browser cache, history and passwords.
အရမ်းအရေးကြီးတဲ့ အချက်လို့ အမွှန်းတင်ပါရစေ။ Public access centre တွေမှာ သင်ဟာ အသုံးပြုတတ်သူဆိုရင်တော့ အမှတ်မထင် Forgetting password ကို ပြုလုပ်ထား တတ်မိပြီး သင့် email ရဲ့ password ကျန်ခဲ့ နိုင်ပါတယ်။ ဒါကြောင့် browser မှာ ရှိနေတဲ့ cache တွေ၊ history တွေ နဲ့ cookie တွေကို ရှင်းလင်း ပြစ်ခဲ့ဖို့ လိုအပ်ပါတယ်။ Browser မှာရှိနေတဲ့ cache တွေ၊ history တွေ နဲ့ cookies တွေကနေ သင့်ရဲ့ email account ကို hacker တွေရရှိ သွားနိုင်ပါတယ်။ How to delete browser cache, history, password and cookies ဆိုတဲ့ ခေါင်းစဉ်မှာ လေ့လာ နိုင်ပါတယ်။
5. Not using the Blind Carbon Copy (BCC) Option.
သင်ဟာ email တစ်စောင် ရေးသားပြီး သင့်သူငယ်ချင်းတွေကို ပို့မယ်ဆိုပါစို့ ဒီလိုပို့တဲ့အခါမှာ CC ထက် BCC ကို သုံးသင့်ပါတယ်။ BCC ဟာ မည်သူတွေကို mail ပို့လိုက်တယ်ဆိုတာ တစ်ဦးချင်း ဖော်ပြပေးမှု မရှိပါဘူး။ ဒါဟာ သင်ရော သင့်မိတ်ဆွေတွေ အတွက်ပါ အကြိုးရှိစေပါတယ်။ အကယ်၍ သင်ဟာ To မှာပဲ ပုံမှန် တစ်စောင်ဆီ ရေးသားပြီး တစ်ယောက်ဆီ ပို့မယ်ဆိုရင်တော့ ကိစ္စ မရှိပါဘူး။ BCC နဲ့ မပို့မိလို့ ဖြစ်နိုင်တဲ့ ဆိုးကြိုးကတော့ spammer တွေဟာ သင်တို့ထဲက တစ်ယောက်ယောက်ရဲ့ email address ရလိုက်တာနဲ့ အားလုံးရဲ့ email address ကိုရသွားနိုင်ပါတယ်။
6. Spamming as a result of forwarding email.
ဒီနည်းကတော့ spammer တွေအကြိုက်ပါ။ Email ကို Fwd လုပ်တဲ့ လူတွေ မြန်မာမှာ အများကြီးပါ။ ဘာမဟုတ်တာကိုလဲ Fwd လုပ်တတ်ကြပါတယ်။ ဒီနည်းလမ်းဟာ မှားယွင်းနေပါတယ်။ Fwd ဟာ သင့် mail account ထဲမှာ ရှိနေတဲ့ သင့်မိတ်ဆွေတွေရဲ့ email address တွေ အားလုံးကို အခြားတစ်ယောက်က အလွယ်တစ်ကူ ရသွားနိုင်ပါတယ်။ Fwd လုပ်ခြင်းဟာ သင့် email address ကို ဂရုမစိုက်ခြင်းထက်ပင် ကျော်လွန်ပြီး အခြားသူများရဲ့ email address ကိုပါ မထိလေးစား လုပ်နေတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။
7. Don't check from unknown sender
ဘယ်သူ ဘယ်ဝါ ပို့မှန်းမသိတဲ့ email တွေကို မစစ်သင့်ပါဘူး။ အခုဆိုရင် mouse over နဲ့တင် သင့်ရဲ့ browser မှာရှိတဲ့ cookie တွေကို hackerတွေက သိမ်းပိုက် နိုင်နေပါပြီ။ ဘာမှန်းမသိတဲ့ link တွေကိုလဲ click အရမ်း မလုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒါကတော့ သိပ်ပြောဖို့မလိုဘူး ထင်ပါတယ်။ Link တွေကို click ကောင်းမှုကြောင့် Private cam ဟာ နေ့ချင်းညချင်း မြန်မာမှာ မွှေနှောက် သွားနိုင်တာပါ။
ဖော်ပြပါ အချက်တွေဟာ သင့်ရဲ့ email security အတွက် အကြိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသမှုထက် ကောင်းပါတယ်။ ဒီနေ့ ဒီလိုခေတ်မှာ email ဟာတန်ဖိုးရှိလာပြီလို့ ပြောလို့ရပါတယ်။ တစ်ချို့တွေက ငါတို့ account ထဲမှာ ဘာမှ အရေးကြီးတာ မရှိဘူး ဆိုပြီး ပေါ့ကြပါတယ်။ ဒါဟာ မှားပါတယ်။ သင့်အပေါင်းအသင်းတွေနဲ့ သင့်ပါတ်ဝန်းကျင်က email address ကို သင်သုံးနေတယ် ဆိုတာ လက်ခံထားတဲ့အတွက် မသမာသူတွေ လက်ထဲရောက်သွားခဲ့ရင် သင့်အပေါင်းအသင်းတွေရော သင့်အတွက်ရော ကောင်းတာဆိုတာ ဖြစ်လာဖို့ မရှိနိုင်တော့ပါဘူး။

www.mysteryzillion.org မှ ကူးယူခြင်းဖြစ်ကြောင်း

No comments: